Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော် မေ ၂၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေးသိုလှောင်အအေးခန်းတွင် ထားရှိသည့် ဆေးတစ်လုံးလျှင်လူ ၁၁ ဦး ထိုးနှံနိုင်သည့် Covishield၊ ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင်သည့် Sinopharm နှင့် Myancopharm အမှတ်တံဆိပ် ကာကွယ်ဆေးများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ Sinopharm ၂၄၇၉၀ နှင့် ဆေးထိုးအပ်များ၊ ကယားပြည်နယ်လွိုင်ကော်မြို့သို့ Covishield ၉၁ လုံး၊ Sinopharm ၁၃၁၃ လုံး၊ Myanco-pharm ၆၀၀နှင့် ဆေးထိုးအပ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ Sinopharm ၆ဝဝဝ၊ Myancopharm ၂၄၄ဝနှင့် ဆေးထိုးအပ်များ၊ ရခိုင်ပြည်နယ် သံတွဲမြို့သို့ Sinopharm ၂ဝ၉၅၅ လုံး၊ Myancopharn ၄၇၁၈ လုံးနှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ Sinopharm ၂၆၆၄၃ လုံးနှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ် (အရှေပိုင်း) ကျိူင်းတုံမြို့သို့ Covishield ၂၃၁၄ လုံး၊ Sinopharm ၁၃၃၉၃ လုံး၊ Myan-copharm ၂၆၂၀နှင့် ဆေးထိုးအပ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့သို့ Sinopharm ၂၀၉၀ နှင့် ဆေးထိုးအပ်များ၊ ဟားခါးမြို့သို့ Sinopharm ၇၆၀၊ ဖလမ်းမြို့သို့ Sinopharm ၇၅၀ နှင့် ဆေးထိုးအပ်များ၊ တီးတိန်မြို့သို့ Sinopharm ၄၄၂ လုံးနှင့် ဆေးထိုးအပ်များ၊ တွန်းဇံမြို့သို့ Sinopharm ၃၄၀ နှင့် ဆေးထိုးအပ်များကို တပ်မတော်မှလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်