ရန်ကုန် မေ ၂၉
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နဝမအကြိမ်မြောက် ဆန်၊ ဆီ စားဖွယ်များလှူဒါန်းပွဲကို မေ ၂၅ ရက်မှ ၃၀ရက်အထိ ကျင်းပသည်။ အလွှာ(၁၀)လွှာမှ လိုအပ်နေသော ရုပ်ရှင်ဗီဒီယို လောကသားများသည် သတ်မှတ်ထားသောနေ့အလိုက် လာရောက်လက်ခံကြသည်။ မေ ၂၅ ရက်တွင် အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဗီဒီယို၊ အုပ်ချုပ်/ ဖြန့်ချိအလွှာများကိုလည်းကောင်း၊ မေ ၂၆ ရက်တွင် ထုတ်လုပ်သူ၊ ဇာတ်လမ်း/ဇာတ်ညွှန်း၊ တည်းဖြတ်/မှတ်တမ်း၊ ရုပ်ရှင်ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာတို့ကိုလည်း ကောင်း၊ မေ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် စက်မှုအခြေခံအလွှာကိုလည်းကောင်း၊ မေ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဇာတ်ပို့/ဇာတ်ရံ အခြေခံအလွှာတို့ကို ရုပ်ရှင်အစည်းအရုံးက ဆန်၊ ဆီ၊ ကုလား ပဲ၊ ငါးသေတ္တာ၊ ဆားတို့ လှူဒါန်းပြီး ပရဟိတအဖွဲ့အစည်းများဖြစ်သော မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာ၊ ကြယ်ပွင့်လေးများက လေးသရုပ်ဆောင်ပရဟိတအဖွဲ့၊ ကိုခန့်(ခန့်စည်သူ)တို့အဖွဲ့၊ ဒေါက်တာ ချစ်ထိုက် မြန်မာနှလုံးသားဖောင်ဒေးရှင်း၊ တေးသံရှင် သရုပ်ဆောင် ဒေါက်တာ အောင်ကျော်မိုး၊ ဒေါ်ညိုညိုဦး မင်္ဂလာမေ အမျိုးသမီးပရဟိတအဖွဲ့များက မိမိတို့လှူဒါန်းနိုင်သော ပစ္စည်းများကို လာရောက်လှူဒါန်းသည်။ ထို့ပြင် ဒေါက်တာ အောင်မိုးဝင်း သွားနှင့်ခံတွင်း ဆေးခန်းကလည်း အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးသည်။ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများနှင့် ရုပ်ရှင်သရုပ်ဆောင်များက လှူဒါန်းပေးကြသည်ကို တွေ့ရှိရသည်။
သတင်းစဉ်