Skip to main content

ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၇

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့်အတူ မေ ၂၆ ရက်နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိအချိုရည်နှင့်ရေခဲစက်ရုံ (မကွေး)သို့ရောက်ရှိပြီး လိုအပ်သည်များမှာကြားကာ စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့ရှိ အမှတ်(၃၅) အကြီးစားစက်ရုံ (ချောက်)သို့ရောက်ရှိ၍ ကြွေသီးများထုတ်လုပ်နေသည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် Business Plan ရေးဆွဲဆောင်ရွက်ရန်၊ ကြွေသီးများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သုံးစွဲသူအကြိုက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် အရင်းကြေပြီးနှစ်စဉ်အကျိုးအမြတ်ရရှိ၍ စက်ရုံရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက်ကြိုးစားဆောင်ရွက်ရန်၊ မိမိထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်သုတေသနလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန်ဆောင်ရွက်ရန်၊ စက်ရုံပိုင်မြေနေရာများတွင် ဆိုလာလျှပ်စစ်စွမ်းအင်ထုတ်လုပ်လိုသည့်လုပ်ငန်းရှင်များဖိတ်ခေါ်ပြီးလျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်ရန်၊ Melt Shop-1 ပြန်လည်လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်နှင့်စက်မှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ဇယားများရေးဆွဲဆောင်ရွက်ရန်နှင့် သတ်မှတ်ချိန်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးကြိုးစားဆောင်ရွက်ရန်၊ စက်ရုံ၌တပ်ဆင်ထားရှိသော စက်ပစ္စည်းကိရိယာများနှင့် ရောက်ရှိပြီးသောစက်ပစ္စည်းကိရိယာများပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများစတင်ဆောင်ရွက်ချိန်တွင် အဆင်သင့်ဖြစ်စေရေးကြိုတင်ပြင်ဆင်ထားကြရန်မှာကြားကာ Melt Shop-1 ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ရုံအစီအစဉ်ဖြင့်လျှပ်စစ်နှင့်စက်ပစ္စည်းများကို စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု ၊ Bale Press Machine ဖြင့် မော်တော်ယာဉ်ကိုယ်ထည်များကို Scrap Bale (လေးထောင့်တုံး)များ ပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)