ရန်ကုန် မေ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်မှကျောင်းအုပ်ကြီးဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ မိုးကုတ်ဆွမ်းစားဆောင်၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဌာနခွဲတွင် သီတင်းသုံးလျက်ရှိသော သင်ကြား/စီမံ ဆရာတော်များနှင့် ပြည်တွင်း/ ပြည်ပသာသနာပြုကြမည့် သံဃာတော်အရှင်သူမြတ် ၄၆၂ ပါးတို့အား တစ်နေ့တာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများနှင့် လှူဖွယ်ပစ္စည်းများအား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)