Skip to main content

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်)တို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၂၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် ယနေ့နံနက်ပိုင်းက အမှတ်(၂၅) ဗိုလ်ချုပ်ပြတိုက်လမ်း ဗိုလ်ချို(၁)ရပ်ကွက် ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ရောက်ရှိပြီး ပြတိုက်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ စာဖတ်ခန်း၊ အစည်းအဝေးခန်း၊ အိပ်ခန်း၊ ကလေးများအိပ်ခန်း၊ ဗိုလ်ချုပ်အသုံးအဆောင်များ၊ စာအုပ်များနှင့် ဗိုလ်ချုပ်အသုံးပြုခဲ့သော မော်တော်ယာဉ်ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး အဆောက်အအုံကြံ့ခိုင်ရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အဆောက်အအုံအတွင်း၊ အပြင်သန့်ရှင်းရေးဆောင်ရွက်ရန်၊ ရေရှည်ကြံ့ခိုင်ရေးနှင့် သာယာလှပရေး ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားပြတိုက် (ရန်ကုန်)သို့ရောက်ရှိရာ အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြတိုက်၏ သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ပြတိုက်ဝင်ကြေးများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

လှည့်လည်စစ်ဆေး

ဆက်လက်၍ ပြတိုက်မြေညီထပ်ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ စတုတ္ထထပ်ရှိ ဗုဒ္ဓအနုပညာပြခန်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုပြခန်း၊ တတိယထပ်ရှိ မြန်မာ့ရှေးဟောင်း အဆင်တန်ဆာ ရတနာပြခန်းနှင့် မြန်မာ ပန်းချီခန်းမဆောင်၊ ပထမထပ်ရှိ မင်းခမ်းတော်ပစ္စည်းများပြခန်းသို့ လှည့်လည်စစ်ဆေးခဲ့ပြီး ပြတိုက်ရှိ စုဆောင်းထားသော ပစ္စည်းများကိုပါ ခင်းကျင်းပြသရေးအတွက် လုံခြုံရေးနှင့် ပြသရေးတို့ကို လျာထားစီစဉ်ထားရန်၊ တိုင်းရင်းသားများ ဝတ်စားဆင်ယင်မှု ပြည့်ပြည့်စုံစုံ စုဆောင်းခင်းကျင်းပြသရန်၊ ပြတိုက်ဝန်ထမ်းများ ပြည့်စုံအောင်ခန့်ထားရန်၊ ပြတိုက်ပညာရှင်များ ပြုစုပျိုးထောင်ရေးအတွက် ဘွဲ့လွန်သင်တန်းများပါ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ Digital Museum များ အခန်းကဏ္ဍ တိုးမြှင့်စီစဉ်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်