ရန်ကုန် မေ ၂၁
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက်အထူးပြုရေးသားသည့် “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် (မေလ) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ် မေလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင်ညို၊ ထက်ဝေအောင် (စစ်ကိုင်း) တို့၏ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ ညီမော်သိမ်း၊ ပါမောက္ခကိုကိုအောင်၊ တွဲဖက်ပါမောက္ခဦးလွင်မြင့်၊ သန့်ဝင့်သော်၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ K. M. A တို့၏ လူငယ်ရေးရာဆောင်းပါးများ၊မောင်ပေါ်ထွန်း၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါး၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါး၊ မြသိန်း၏နိုင်ငံတကာဆိုင်ရာဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ဝင်းထွဋ်ဦး၊ အေးထွန်းမင်း၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)တို့၏ ကျန်းမာရေး ဆိုင်ရာဆောင်းပါးများ၊ ဦးလွင်အောင်(မဟာဝိဇ္ဇာ)၏ မသန်စွမ်းသူများဆိုင်ရာဆောင်းပါး၊ သန့်လွင်ထွန်း (MPA) ၏ ကလေးအလုပ်သမားဆိုင်ရာဆောင်းပါး၊ စံမြတ်ဘုန်း(စစ်ကိုင်း)၊ စောနိုင်(အသုံးချဘောဂဗေဒ) တို့၏ အကြမ်းဖက်မှုဆိုင်ရာနှင့်စီးပွားရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး(ပန်းတောင်း)၊ဆောင်းဝင်းလတ်၊ နိုင်သောင်းထွဋ်၊ စိန်ဝင်းနွယ်၊ ဒေါက်တာစန်းဦး၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေ ကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း- ၀၆၇ ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည် လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း- ၀၂- ၄၀၃၁၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်