ရန်ကုန် မေ ၂၁
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌဒေါ်ချိုချိုတင် (မစန္ဒာ) နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်စာရေးဆရာအသင်းများမှ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌဒေါ်ချိုချိုတင်(မစန္ဒာ)က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အသင်း၏လုပ်ငန်းဆောင်ရွက်ချက်များ ပြောကြားသည်။
ဆက်လက်၍ အတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) ကတတိယအကြိမ်ညီလာခံအတွက် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အကြိုညှိနှိုင်းရှင်းလင်းသည်။
ဆက်လက်ပြီး တတိယအကြိမ်ညီလာခံသို့ အလှူငွေများပေးအပ်လှူဒါန်းကြရာ ဒုတိယဗိုလ်မှူးကြီးမြင့်ကျော်(မှူးကျော်-ပန်းတနော်)မိသားစုက အလှူငွေကျပ်နှစ်သိန်း၊ ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ ဗိုလ်မှူးကြီးမြင့်ဆွေ (ငြိမ်း) - စာရေးဆရာမ ခိုင်ယဉ်မွန်(ဝိဇ္ဇာ/သိပ္ပံ)၊ဦးသန်းဝင်း (မင်းယဉ်စု)၊ ဖားကန့်မြို့နယ်စာရေးဆရာအသင်း၊ ပျဉ်းမနားမြို့နယ်စာရေးဆရာအသင်းနှင့် ဗိုလ်တထောင်မြို့နယ်စာရေးဆရာအသင်းတို့က အလှူငွေကျပ်တစ်သိန်းစီ၊ အောင်မြေသာစံမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်ခြောက်သောင်း၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ဒေါက်တာ မြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)၊ ဦးသောင်းနိုင် (မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ)၊ ဆရာဂမ္ဘီရမင်းမောင် (ထားဝယ်)၊မိတ္ထီလာမြို့နယ်စာရေး ဆရာအသင်း၊သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်း၊ အလုံမြို့နယ်စာရေးဆရာအသင်း၊ တာမွေမြို့နယ်စာရေးဆရာအသင်း၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်း၊ တောင်ငူမြို့နယ်စာရေးဆရာအသင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီအပါအဝင် အခြားအလှူရှင်များကအလှူငွေများလှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရသည်။
သတင်းစဉ်