Skip to main content

ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော် မေ ၂၁

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းအမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။   

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ပရဟိတမင်းကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ သတိပဋ္ဌာန် ကျောင်းသစ်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ထူပါဇေယျုံကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ မြို့မကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ အာဇာနည်ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်