ရန်ကုန် မေ ၁၆
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်သည် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကြရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်တွင် ဂျူဒိုအားကစားနည်းမှ အမျိုးသား(၉)ဦး၊ အမျိုးသမီး (၄)ဦး၊ ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၈)ဦး၊ အလေးမ အားကစားနည်းမှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦးတို့ ပါဝင်ကြောင်း သိရသည်။
(သတင်းစဉ်)