၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအထူးပြုဘာသာရပ်၊ နေ့သင်တန်း တိုးချဲ့ဖွင့်လှစ်သော အောက်ဖော်ပြပါတက္ကသိုလ်(၁၀) ကျောင်းတွင် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)/B.A(Law) သင်တန်းပို့ချမည်ဖြစ်ပြီး အခြားအထူးပြုဘာသာရပ်များမှ ဥပဒေအထူးပြုဘာသာရပ်သို့ အပြောင်းလျှောက်လွှာများကိုလည်း ၂၇-၅-၂၀၂၂ ရက်နေ့မတိုင်မီ အဆိုပါတက္ကသိုလ်များတွင် တင်ပြလျှောက်ထားပါက သတ်မှတ်ချက်နှင့်ကိုက်ညီလျှင် လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည် -
(၁) မြိတ်တက္ကသိုလ်
(၂) ဟင်္သာတတက္ကသိုလ်
(၃) မအူပင်တက္ကသိုလ်
(၄) ဗန်းမော်တက္ကသိုလ်
(၅) ရွှေဘိုတက္ကသိုလ်
(၆) ကလေးတက္ကသိုလ်
(၇) လားရှိုးတက္ကသိုလ်
(၈) ပခုက္ကူတက္ကသိုလ်
(၉) မိတ္ထီလာတက္ကသိုလ်
(၁၀) ကျိုင်းတုံတက္ကသိုလ်