Skip to main content

ဓမ္မာစရိယစာမေးပွဲ (နဝမနေ့)နှင့် ပါဠိပထမပြန်စာမေးပွဲ (တတိယနေ့) ကျင်းပ

နေပြည်တော် မေ ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၂ ခုနှစ် ဓမ္မာ စရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့၌ နဝမနေ့အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၃၉ ဌာနတို့၌ တတိယနေ့အဖြစ်လည်းကောင်း ဖြေဆိုကြသည်။

ဓမ္မာစရိယစာမေးပွဲ နဝမနေ့စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၄၅၄ ပါးအနက် အပါး ၂၅၀ ဖြေဆိုကြသဖြင့် ၅၅ ဒသမ ၀၆ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) တတိယနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၅၀၅၃၇ ပါးအနက် ၃၈၅၀၂ ပါးဖြေဆိုကြသဖြင့် ၇၆ ဒသမ ၁၉ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်