Skip to main content

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၉

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက် ည ၉ နာရီတွင် ကွန်ဟိန်းမြို့နယ် တာကော်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းနော်ရှဲန် မောင်းနှင်လာသည့် MITSUBISHI COLT မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ကတ်တမင်း ၆၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ကတ်တမင်းများကို ကာလိမြို့မှ မိုင်းပျဉ်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်