Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်သော အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄)ကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် လည်းကောင်း၊ စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၈၈)ကို နံနက် ၉ နာရီတွင် Inhouse ဖြင့် လည်းကောင်း ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

တက်ရောက်

အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား ၁၀၀ ၊ သင်တန်းသူ ၉၃ ဦး စုစုပေါင်း ၁၉၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ အောက်တိုဘာ ၂၁ ရက်ထိ လည်းကောင်း၊ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၄)သို့ သင်တန်းသား ၁၈၀၊ သင်တန်းသူ ၂၃၀ စုစုပေါင်း ၄၁၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ လည်းကောင်း၊ စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ် (၈၈)သို့ သင်တန်းသား ၅၈ ဦး၊ သင်တန်းသူ ၁၉၇ ဦး စုစုပေါင်း ၂၅၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ ဇူလိုင် ၈ ရက်အထိ လည်းကောင်း တက်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်