နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာ အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယမန်နေ့ မွန်းလွဲ ၁ နာရီ တွင်နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနစုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီ ခုနစ်ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင်မဟာမင်္ဂလာ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက(၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနား ဖြစ်သည်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်သွားကြ ရန်မှာကြားသည်။
ထို့နောက် (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆပ်ကော်မတီခုနစ်ခုတို့မှဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြရာကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်