Skip to main content

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်သည်။

ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများအား နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်အနီးရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေထိုင်လျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာ များပေးအပ်သည်။

ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်