နေပြည်တော် ဧပြီ ၂၆
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသောလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မှိုင်းမိသူမှိုင် လည်မိသူပျော် သင်္ကြန်ပွဲတော်” ခေါင်းစဉ်ဖြင့် ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ၍ ကိုရင်ငယ်နှစ်ပါး သေဆုံးကာ ကိုရင်ငယ်တစ်ပါး ဒဏ်ရာရရှိမှု” နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များ အနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀ ၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်