Skip to main content

အာဆီယံမှ မြန်မာနိုင်ငံသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ပေးနိုင်မည့်ကိစ္စနှင့် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော် ဧပြီ ၂၁

ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဒေါက်တာအေးထွန်းသည်  ယနေ့နံနက်ပိုင်းတွင် ကမ္ဘော ဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  H.E.  Dr.  KUNG Phoak  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံစဉ်  ကမ္ဘောဒီးယားနိုင်ငံမှ  မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ကုသရေး လုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးလုပ်ငန်းများကို National Vaccine Depl-oyment Plan  နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့်  သတင်းအချက်အလက်များကို Vaccine Management Information System(VMIS) စနစ်ဖြင့်  ဆောင်ရွက်လျက်ရှိသည့် ကိစ္စ၊  ဝန်ကြီးဌာအနေဖြင့် လူသားချင်းစာနာထောက်ထားမှု  အခြေခံ မူများနှင့်အညီ နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်မှု၊ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အကြမ်းဖက် အဖွဲ့အစည်းများက ပစ်မှတ်ထား  တိုက်ခိုက်ခံရသည့် အခြေအနေများ၊ အာဆီယံမှ မြန်မာနိုင်ငံသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ  ထောက်ပံ့ပေးနိုင်မည့်ကိစ္စ၊  နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ  ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်