Skip to main content

ဘုရားကြီးမြို့၌ ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၅

ပဲခူးမြို့နယ်ဘုရားကြီးမြို့၌ ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၄ ဒသမ ၉ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် ညနေ ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူး-မော်လမြိုင်သွား ကားလမ်း၊ ရွှေသံလွင်စစ်ဆေးရေးစခန်းအနီးတွင် ဘုရားကြီးမှ ဝေါဘက်သို့ မျိုးမြင့် မောင်းနှင်ပြီး စိုင်းသန်းထွဋ်နှင့် မျိုးဇော်အောင်တို့ လိုက်ပါလာသည့် NISSAN MURANO ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှတန်ဖိုး ငွေကျပ် သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၃၃၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို မန္တလေး တိုင်းဒေသကြီးမှ ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်