Skip to main content

ပုသိမ်မြို့တွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၃/၂၀၂၀) ကျင်းပ

ပုသိမ် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်  ရင်းနှီးမြှုပ်မှုကော်မတီ၏ ၃/၂၀၂၀ ကြိမ်မြောက်  အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယ​နေ့ နေ့လယ်ပိုင်းက အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ - ၁ ၌ကျင်းပသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၄)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁) ခုကို ခွင့်ပြုပေးနိုင်ပြီး အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့် အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက် ဖိတ်ခေါ် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂)ခုကို ဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးနိင်ရေး ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးကြရန်၊ ကော်မတီမှ အတည်ပြုမိန့်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန် ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကိုလည်း ကြီးကြပ်ကွင်းဆင်း ပံ့ပိုးဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေ သ ကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များ အနေနှင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်သည့် ကိစ္စရပ်များကို တိုင်းဒေ သကြီး အစိုးရသို့ တင်ပြနိုင်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အမြန်ဆုံး လွယ်လင့်တကူဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးကို ရွေးချယ် ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေး​နွေးခဲ့ ကြကြောင်း သိရသည်။

မောင်မောင်မြင့်( ပြန်/ဆက်)