Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

မော်လမြိုင်   မတ်   ၁၁

မွန်ပြည်နယ်အစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက မော်လမြိုင်မြို့ အစိုးရအဖွဲ့ရုံး အနီးရှိ အဆိုပါရုံးသစ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး အဆောက်အဦသစ် RC (နှစ်ထပ်)ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းကို ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့ သာရည်ဖြင့် ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)