Skip to main content

ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်မှ ပြန်လည်ရောက်ရှိ

နေပြည်တော်   ဧပြီ   ၂

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်းရှမ်မြို့သို့ မတ် ၃၁  ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် တရုတ်နိုင်ငံမှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဝန်ကြီးဌာနမှ  အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သတင်းစဉ်