Skip to main content

နိုင်ငံသားအဖြစ်မှရပ်စဲခြင်း

၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာသွားသော အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များအား ပြုလုပ်ခဲ့ကြကြောင်း စိစစ်ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၇ အရ ဖွဲ့စည်းသည့် ဗဟိုအဖွဲ့သည် ပုဒ်မ ၆၈ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ပုဒ်မ ၁၆ နှင့်အညီ ယင်းပုဂ္ဂိုလ်များအား နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့သည်-

(က) မောင်မောင်လတ် (ဘ) ဦးထွန်းတင်၊

(ခ) ကျော်မိုးထွန်း (ဘ) ဦးထွန်းရည်၊

(ဂ) အောင်ကျော်နိုင် (ဘ) ဦးဘသင်၊

(ဃ) မြမြကြည် (ဘ) ဦးဂူမန်ဆင်၊

(င) ကျော်စွာမင်း (ဘ) ဦးကျော်မင်း၊

(စ) သက်ထားမြရည်စံ (ဘ) ဦးမြငွေ၊

(ဆ) စုစုအောင် (ဘ) ဦးလှအောင်၊

(ဇ) ကျော်စွာထွန်း (ဘ) ဦးဝုန်းဒိုလျန်း၊

(ဈ) ကြူကြူမြင့် (ဘ) ဦးဖုန်းမြင့်၊

(ည) မြတ်သွယ်အောင် (ဘ) ဦးတင်ဇော်

(ဋ) ယမင်းယု (ဘ) ဦးသိန်းတန်၊

(ဌ) ရဲခေါင် (ဘ)ဦးကျော်စွာမင်း၊

(ဍ) ဟန်ထူးလွင်(ခ)ကျားပေါက် (ဘ) ဦးမောင်မောင်လွင်(ခ)ရင်ဂို၊

() မေဦး(ခ)ဟိန်းမင်းဦး(ဘ) ဦးသောင်းမြင့်၊

(ဏ) ညီညီ(သရဝဏ်-ပြည်) (ဘ) ဦးခင်ဇော်၊

(တ) ဟန်လင်း(ခ)ဖြိုးဟန်ကျော် (ဘ) ဦးရူပ၊

(ထ) ဒေါင်း(ခ)သူရအောင် (ဘ) ဦးမြင့်အောင်။

၂။ ဆက်လက်စိစစ်ဖော်ထုတ်တွေ့ရှိရသူများကိုလည်း အလားတူ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။