နေပြည်တော် ဧပြီ ၁
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယနေ့ လုပ်ငန်း ကော်မတီ အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့သော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) တွင် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) မူကြမ်းနှင့် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တား ဆီးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက် (Statement) မူကြမ်းတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး သို့ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို တင်ပြခဲ့ရာ မတ် ၁၅ ရက်တွင် မူအားဖြင့် သဘောတူသည်ဟု ညွှန်ကြားမှု ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တွင်ပါရှိသည့် လုပ်ငန်းအစီ အစဉ်တို့ကို ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းအစီအစဉ် (၇) ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြား သည်။
ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) နှင့် ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန် ကြေညာချက် (Statement) (မူကြမ်း) တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့ကို ရှင်းလင်းတင်ပြသည်။
အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်