ရန်ကုန် မတ် ၃၁
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ရန်ကုန်မြို့ တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူး များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဆပ်ကော်မတီ ၁၃ ခုမှ ၂၀၂၂ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသေးစိတ်ဆောင်ရွက် ပြီးစီးမှုများကို တင်ပြရာ လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။
ပျော်ရွှင်ချမ်းမြေ့စေရေး
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ရေသဘင်ပွဲတော်ကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှစ်နှစ်တိုင်တိုင် ကျင်းပခြင်းမရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဟောင်း ကုန်လွန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ရန်ကုန်မြို့တော်နေ ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ် အလာနှင့်အညီ စိတ်လက်ပေါ့ပါး ပြီး ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ပြန်လည်ကျင်းပနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာလူမျိုးတို့ အနေဖြင့် မြန်မာရိုးရာသင်္ကြန်ကို ယိမ်းအကပြိုင်ပွဲများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲများ၊ ရုပ်ရှင်နှင့် ဂီတပညာရှင်များ၏ တေးသီချင်း ဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ တင်ဆက်မှုများအပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်း၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်