Skip to main content

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၂)နှင့် အရာထမ်းလောင်း အခြေခံသင်တန်းနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်း အခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၃၁

အရာထမ်း   အခြေခံသင်တန်း   အမှတ်စဉ်(၆၂)နှင့် အရာထမ်းလောင်း    အခြေခံသင်တန်း၊   ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်()တို့၏ သင်တန်းဆင်းစစ်ရေးပြ အခမ်း အနားကို ယနေ့ နံနက် နာရီတွင်  တက္ကသိုလ်စစ်ရေး ပြကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်ဦးကျော်စိုး၊     ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊   ဖိတ်ကြားထားသည့်  ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင်  အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၆၂)နှင့်  အရာထမ်းလောင်း အခြေခံသင် တန်း၊   ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု   ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်()တို့မှ        သင်တန်းသား၊ သင်တန်းသူများသည် တက္ကသိုလ် စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့  ဥက္ကဋ္ဌ  ဦးသန်းဆွေအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ပြီးနောက်   ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဆွေက သင်တန်းနှစ်မျိုးအတွက်  စံပြဆု၊  စစ်ရေးပြဆုနှင့်  သေနတ်ပစ်ထူးချွန်ဆုရရှိသူများကို  ဆုများ ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ က ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီး တွင် တာဝန်ထမ်းဆောင်နေသော  အရာထမ်းများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးသကဲ့သို့ သင်တန်းဆင်းပြီးနောက်  သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိ များအဖြစ် တာဝန်ထမ်းဆောင်မည့် အရာထမ်းလောင်းများသည်လည်း   နိုင်ငံတော်အတွက်  အလွန် အရေးပါကြောင်း၊    ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့်   အရာထမ်းများ၏  အရည်အသွေးများ မြင့်မားထက်မြက်စေပြီး တာဝန်ယူဆောင်ရွက်နေရသော  ဝန်ထမ်းအဖွဲ့အစည်းတွင်  ခေါင်းဆောင်မှု၊ ဦးဆောင်နိုင်မှု  စွမ်းရည်များနှင့် စီမံခန့်ခွဲမှု  အရည်အသွေးများ တိုးတက်လာစေရေးအတွက်၂၀၁၇ ခုနှစ်မှစတင်ပြီး အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု  ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း။

သင်တန်းမှ လေ့လာဆည်းပူးရရှိခဲ့သည့် အတွေး အမြင်၊  အသိပညာဗဟုသုတနှင့်  အတွေ့အကြုံများ ဖြင့် မိမိတို့ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များကို ပြောင်းလဲလာသည့် နည်းပညာများ၊  နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်မှုများနှင့်အညီ လိုက်လျောညီထွေမှုရှိအောင် လက်တွေ့ အသုံးချကြရန်၊  အသိဉာဏ် အမြော်အမြင်နှင့်ပြည့်စုံမှု၊  တီတွင်ဖန်တီးနိုင်စွမ်းရှိမှု၊  သင်ယူနိုင်စွမ်းရှိမှု၊     ဝေဖန်ဆန်းစစ်ခွဲခြားစိတ်ဖြာ သုံးသပ်နိုင်မှု စသည့်အရည်အသွေးကောင်းများ အစဉ်ထက်မြက်နေအောင် လေ့လာသင်ယူကြရန်နှင့် နိုင်ငံတော်အပေါ်သစ္စာရှိ၍ ပြည်သူများက ယုံကြည်လေးစားအားထားရသော အဂတိတရားကင်းစင်ပြီး စည်းကမ်းကောင်းမွန်သည့်     စံပြအရာထမ်းများအဖြစ် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၆၂)သို့ သင်တန်းသား ၈၇ ဦး၊ သင်တန်းသူ ၁၁၆ ဦး စုစုပေါင်း ၂၀၃ ဦးနှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်()သို့ သင်တန်းသား ၇၂ ဦး၊ သင်တန်းသူ ၇၁ ဦး စုစုပေါင်း ၁၄၃ ဦး  တက်ရောက် ခဲ့ကြကြောင်း သိရသည်။        

သတင်းစဉ်