နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ယမန်နေ့မှအဆက်
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ယခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ရိုးရာယဉ်ကျေး မှုထုံး တမ်းစဉ် လာမပျက် ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်ချက်များတွင် တွေ့ရကြောင်း၊ နိုင်ငံအဝန်း၌ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေများကို သိလိုပါကြောင်း မေးမြန်းသည်။
ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ဖြေလျှော့ပေးထား
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလတ်တလောတွင် နေပြည်တော် ၈ မြို့နယ်၊ မန္တလေး ၁၀ မြို့နယ်၊ ရန်ကုန် ၄၄ မြို့နယ်၊ မကွေး ၁၇ မြို့နယ်တို့၌ ညမထွက်ရ အမိန့်နှင့်ပတ် သက်ပြီး ယခင်က ည ၁၀ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားသော်လည်း ယခုအခါ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ဖြေလျှော့ပေးထားပြီ ဖြစ်ကြောင်း၊ ဆက်လက်ဖြေ လျှော့ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း၊ ကိုဗစ် ကာလ တတိယလှိုင်းအထိ ပြီးသွားပြီဖြစ် သဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်ကာလအတွင်း မွန်းကျပ်ခဲ့ခြင်းများ၊ နိုင်ငံရေးအခြေ အနေများ ကြောင့် မွန်းကျပ်ခဲ့ခြင်းရှိခဲ့သည့်အတွက် သင်္ကြန်ပွဲတော်နှင့် ပတ်သက် ပြီး ဖြေလျှော့ပေးရန်အစီအစဉ်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ဖျော်ဖြေရေးလုပ်ငန်း ရုပ်ရှင်လုပ်ငန်းများကို နှစ်ဆန်း ၁ ရက်နေ့မှ စတင်ရန် အစီအစဉ်ရှိကြောင်း၊ အပြည်ပြည် ဆိုင်ရာ လေကြောင်းသွားလာရေးကိုလည်း ဧပြီလသင်္ကြန်အပြီးတွင် ဖြေလျှော့ မှုပြုလုပ်ပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူ သင်္ကြန်ပွဲတော် ကာလကို တတ်နိုင်သမျှ ပြည်သူလူထုအားလုံး ပါဝင်ဆင်နွှဲခွင့်ရအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ
ဦးကိုကိုကြီးက မတ်လ ၂၃ ရက်နေ့တွင် မန္တလေး - မုံရွာလမ်းပေါ်ရှိ မအူဂိတ်ကို PDF အဖွဲ့များက နံနက် ၂ နာရီခန့်တွင် တိုက်ခိုက်သွားပြီး တာ၀န်ကျသည့်၀န်ထမ်းများ ကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း၊ အလားတူ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာ ၃ မိုင် အကွာရှိ ကြံ့ခိုင်ရေးပါတီ၀င် တွဲဖက်အတွင်း ရေးမှူးကို မျက်နှာဖုံးစွပ်များက ဖမ်းသွားသဖြင့် တပ်မတော်က ရှာဖွေနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးရှိ ကန့်ဘလူမြို့နယ်၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ ကလေးဒေသ များတွင် ဒလန်ဟုစွပ်စွဲခံရသည့် အပြစ်မဲ့ ပြည်သူများ သေကျေသည်မှာ အများအပြားရှိကြောင်း၊ မိုင်းထိသည့်ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ခြင်းရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်က ထောက်ပံ့ငွေများ ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လည်း အခြားထောက်ပံ့မည့် အစီစဉ်များရှိလျှင် မည်သို့ထောက်ပံ့ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ထောက်ပံ့ရေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလတ်တလောတွင် မိမိတို့အနေဖြင့် ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များတွင် PDF များ၏ မီးရှို့ဖျက်ဆီး မှုများကြောင့် အလုပ်အကိုင်ဆုံးရှုံး သွားရသည့် ပြည်သူများ၊ အသက်ဆုံးရှုံးသွားရသည့် ပြည်သူများကို ဝန်ကြီးချုပ်များကိုယ်တိုင် ကျေးရွာများအလိုက် သွားရောက်ထောက်ပံ့ ပေးနေခြင်း များရှိကြောင်း၊ လိုအပ်သည့် ဆေးကုသရေးအဖွဲ့များကို စေလွှတ်ပြီး ဆေးကုသပေး ခြင်းများကို ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ရေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင် သွားရန်အစီအစဉ်များရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးကိုကိုကြီးက မြ၀တီခရိုင်၌ ယခင်ကတည်ငြိမ်နေသော် လည်း မကြာခင်က KNU တပ်မဟာ(၆)နှင့် တပ်မတော် အကြား တိုက်ပွဲဖြစ်ခဲ့ပါကြောင်း၊ ၎င်းနေရာတွင် စစ်ဘေးရှောင်သည့် လူတစ်သောင်း ကျော်ခန့် တစ်ဖက်နိုင်ငံသို့ သွားရောက်နေရသည်ဟု သိရပါကြောင်း၊ ယင်းအခြေအနေကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခင် လေးကေ့ကော်တိုက်ပွဲတွင် စစ်ဘေးရှောင်များ ရှိနိုင် ကြောင်း၊ တိုက်ပွဲပြီးဆုံးသည့်အခါ မိမိတို့ ပြန်လည်ဆက်သွယ်ပြီး ပြန်လည်နေရာချ ထားပေးခြင်း များ ပြုလုပ် ပေးကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် IDP နေရပ်စွန့်ခွာသူများ နှင့် စစ်ဘေးရှောင်များကို ၎င်းတို့ ၏မူလနေရပ်ဒေသတွင် ပြန်လည် နေရာချထားနိုင်ရေး ဦးစားပေး ဆောင်ရွက်ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှုရရှိအောင် ဦးစွာ လုပ်ဆောင် ရကြောင်း၊ သက်ဆိုင် ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ၊ တိုင်းစစ်ဌာ နချုပ် များက ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိ အနေဖြင့် မေးခွန်း မမေးမီ တောင်းဆို စရာ တစ်ခုရှိပါကြောင်း၊ ပန်းခင်းစီမံချက်နှင့်ပတ်သက် ကြောင်း၊ မြေပြင်တွင် ပုံစံ(၁၀)အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ ပန်းခင်းစီမံချက်အရ အသက် ၁၆ နှစ်နှင့်အထက် ပြည့်ပြီးသူများကို နိုင်ငံသားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး (သို့မဟုတ်) နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရရှိနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ သို့သော် မြေပြင်တွင် ပုံစံ(၁၀)နှင့် ပတ်သက်သည့် အခက်အခဲများ များစွာဖြစ်ပေါ်နေကြောင်း၊ ထိုကိစ္စကို လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး နိုင်ပါရန် တောင်းဆို လိုကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ် လာရောက်ခဲ့သည့်ကိစ္စ နှင့် (၇၇)နှစ်မြောက်တပ်မတော်နေ့နှင့် ဆက်စပ်သည့် မေးခွန်းတစ်ခု မေးမြန်းလိုကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ခရီးစဉ် လာရောက်ခဲ့သည့် ပထမခြေလှမ်းအနေဖြင့် လတ်တလောပြည်တွင်း၌ ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လုပ်ငန်းစဉ် (၅) ရပ် အပါအဝင် လုပ်ငန်းဆောင်ရွက် ချက်များအပေါ် မည်မျှအထိ သက်ရောက်မှုရှိနိုင်မည်ကို သိလို ကြောင်းနှင့် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များနှင့် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးအပြီးတွင် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့များက အာဆီယံနိုင်ငံများမှ တပ်မတော် ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် လာမည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းရှိ/မရှိ သိလိုကြောင်း၊ ယခင်တပ်တော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးများကို ဖိတ်ကြားရန် အစီ အစဉ်ရှိ/မရှိ သိလိုကြောင်းနှင့် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန်အတွက် အခြားမည်သည့် နိုင်ငံများမှ ဧည့်သည်တော်များကို ဖိတ်ကြားထားသည်ကိုလည်း သိလိုကြောင်း မေးမြန်းသည်။
အပြုသဘောဆောင်သည့်ခရီးစဉ်
ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် ယခုခရီးစဉ်သည် ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း၊ ယခင် ဘရူနိုင်းနိုင်ငံမှ ခန့်အပ်ထားသည့် အထူးကိုယ်စား လှယ်မှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ခြင်းမရှိခဲ့ကြောင်း၊ ကမ္ဘော ဒီးယားနိုင်ငံ အနေဖြင့် ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် မလာရောက် မီကပင် အာဆီယံအလှည့် ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ အပြုသဘောဆောင်သည့်ခရီးစဉ် မြန်မာနိုင်ငံသို့ စတင်၍လာရောက်ခဲ့ကြောင်း၊ အဆိုပါခရီးစဉ်၏ ရလဒ်ကြောင့်သာ အာဆီယံအထူးကိုယ်စား လှယ် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ခရီးစဉ် အတွင်းဆွေးနွေးချက်များကို Sky Net မှ သတင်းထောက်ကြီး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ပြောကြားပြီးဖြစ်ကြောင်း၊ နံပါတ်(တစ်) အကျိုးသက်ရောက်မှုအနေဖြင့် ဆက်လက်ဆွေးနွေး သွားမည်ဆိုသည့် အကျိုး သက် ရောက်မှုရှိခဲ့ကြောင်း၊ အာဆီယံအထူး ကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ ထပ်မံလာ ရောက်နိုင်သည်ဟုလည်း ဖိတ်ခေါ်ခဲ့ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်ကလည်း မူဝါဒအရ သဘောတူညီပြီးဖြစ်ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာရောက် စဉ် မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင်ပါဝင်မည်ဟု တောင်းဆိုခဲ့ ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းရေးအဖွဲ့များနှင့် တွေ့ဆုံသွားခဲ့ပြီးဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မြန်မာ့နိုင်ငံရေး လောကတွင် စစ်ဘောင်ကျယ်သည်ဟု ဝေဖန်နေကြသည့်ကိစ္စများကို စတင်ဖြေရှင်း နိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှပါဝင် လာခဲ့သဖြင့် အကျိုးဖြစ်ထွန်းခဲ့ကြောင်း၊ အကြမ်းဖက် လုပ်ရပ်များရပ်တန့်ရန်နှင့် တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သည့် EAO စခန်းကိုမျှ သွားရောက်တိုက်ခိုက်ခြင်းမရှိကြောင်း၊ EAO စခန်း များ မည်သည့်နေရာတွင်ရှိသည်ကို မိမိတို့ သိရှိကြောင်း၊ ယခင် သတင်းစာရှင်းလင်းပွဲများတွင် မိမိပြောခဲ့သလိုပင် သွားရောက် တိုက်ခိုက်ရန်မလိုကြောင်း၊ အဝေးမှပစ်ခတ်၍ပင်ရကြောင်း၊ သို့သော် ထိုသို့မလုပ်ခဲ့ကြောင်း၊ ထိုအခြေအ နေများမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် မိမိတို့၏သဘောထား များဖြစ်ကြောင်း၊ တပ်မတော်နေ့အခမ်းအနားသို့ မိမိတို့မြန်မာနိုင်ငံတွင် အခြေစိုက်သည့် စစ်သံမှူးများကို ဖိတ်ကြားထားပြီးဖြစ်ကြောင်း၊ တက်ရောက်မည့် စစ်သံမှူးများလည်း ရှိပြီးဖြစ်ကြောင်း၊ မိတ်ဖက်နိုင်ငံများမှ စစ်ဘက်၊ အရပ်ဘက်ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားကြောင်း၊ အခမ်းအနားတက်ရောက်မည့် ကိုယ်စားလှယ်အချို့လည်း ရောက်ရှိ နေပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လတ်တလောတွင် အကြမ်းဖက်မှု များကိုနှိမ်နင်းခြင်းထက် မူဝါဒပိုင်းအား ပိုမို၍ လက်တွေ့အကောင် အထည်ဖော်လာသည်ကိုတွေ့ရကြောင်း၊ အဂတိမှုများနှင့်ပတ်သက်၍ လည်း လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် NLD အစိုးရလက်ထက် တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့တွင် ဖြစ်ပွားခဲ့သည့် မြေယာကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်အား တရားစွဲဆိုထားသည့် အမှုတစ်မှုရှိ ခဲ့ကြောင်း၊ တရားစွဲဆိုသူမှာ အဆိုပါမြေယာကို ပိုင်ဆိုင် သည့် ဒေါ်နန်းခမ်းတစ် ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မြေဧက ၉၃ ဧကကျော်ကို မြေကြီးများ ရောင်းချခြင်း၊ မြေကွက်များဖော်၍ရောင်းချခြင်းများမှ ယနေ့အထိ ဆိုပါက ကျပ်ငွေဘီလီယံပေါင်း မြောက်မြားစွာရရှိထားသည်ဟု သိရ ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါက်တာလင်းထွဋ်အပေါ် တရားစွဲဆိုထားသည့် အမှု၏အခြေအနေကို သိလိုကြောင်းနှင့် မြေကြီး များတူး၍ ရောင်းချခြင်းနှင့် မြေကွက်ဖော်၍ ရောင်းချခြင်းများမှ ရရှိခဲ့သည့် ငွေကျပ်ဘီလီယံပေါင်းများစွာအထဲမှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီတာဝန် ယူနေသည့် ကာလအတွင်းနှင့် ယခင် NLD အစိုးရ ကာလအတွင်းတို့တွင် နိုင်ငံတော်သို့ အခွန်အဖြစ်ပေးသွင်းထားခြင်း ရှိ/မရှိနှင့် ပေးသွင်းထားပါက မည်မျှပေးသွင်းထားသည်ကို သိလို ကြောင်း၊ နစ်နာခဲ့သူများအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးသွား မည်ကိုသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါကိစ္စကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) သက်ဆိုင်ရာ ဝန်ကြီးဌာနကို မိမိအနေဖြင့် မေးမြန်းပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
People Media မှ သတင်းထောက် ဦးကျော်စိုးဦးက အကြောင်း အမျိုးမျိုးကြောင့် PDF အကြမ်းဖက်အဖွဲ့များထဲသို့ ရောက်ရှိသွားသည့် သူများသည် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များကို လုပ်ကြံသတ်ဖြတ်မှု များရှိသည့်အတွက် ထိုအမြင်များအပေါ်တွင် သဘောထားမတိုက်ဆိုင်သည့် PDF များက ယခုအစိုးရထံသို့ ခိုလှုံလိုနေကြကြောင်း၊ ယင်းသို့သော အခြေအနေမျိုး များအတွက် နိုင်ငံတော် အစိုးရက လမ်းဖွင့်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် ခိုလှုံခွင့်ပေးမည်ဆိုလျှင် မည်သို့ဆောင်ရွက်ရမည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။
အချိန်မရွေး ပြန်လည်ဖိတ်ခေါ်
ဗိုလ်ချုပ် ဇော်မင်းထွန်းက နှစ်ပေါင်းများစွာတိုက်ခိုက်နေရသည့် ရန်သူများကိုပင် ငြိမ်းချမ်းရေး နှင့် ပတ်သက်လာလျှင် မိမိတို့က စားပွဲဝိုင်းတွင်ထိုင်ပြီး ဆွေးနွေးနေရကြောင်း၊ ယခင်က တည်းက ၎င်းတို့နှင့်ပတ်သက်၍ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ပြည်တွင်း/ပြည်ပများတွင် ထွက်ပြေးတိမ်းရှောင်နေသူများ နှင့်ပတ်သက်ပြီး မေလတွင် စတင်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုထုတ်ပြန် ချက်များကို နေ့စဉ်သတင်းစာများနှင့် ရုပ်သံလိုင်း များတွင် ပြည်သူ များသိရှိအောင် အမြဲကြေညာနေကြောင်း၊ လူငယ်လူရွယ်များသည် တိုင်းပြည် နှင့်ပတ်သက်လာလျှင် စိတ်ဓာတ် ပိုမိုတက်ကြွကြကြောင်း၊ ထိုစိတ်ဓာတ်များကို အသုံးချပြီး နိုင်ငံရေး မကျေနပ်ချက်များကို သွင်းပေးကာ တောခိုသွားအောင်လုပ်သည့် ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်စဉ်များရှိကြောင်း၊ အကြောင်းမျိုးမျိုးကြောင့် လက်နက်ကိုင်အဖွဲ့ အစည်းများ သို့ ရောက်ရှိနေသည့် လူငယ်လူရွယ်များအနေဖြင့် ခြိမ်းခြောက်ခံရမှုများကြောင့် ယခုအချိန် အထိ ဆက်လက်နေထိုင် နေကြရသည်များ၊ လူမှုစီးပွားရေး အခက်အခဲဖြစ်ပေါ်နေသည်များကို အစိုးရအနေဖြင့် သိရှိကြောင်း၊ ထိုသို့သိရှိရခြင်းကြောင့် အစိုးရအနေ ဖြင့် လက်နက်ကိုင် အဖွဲ့အစည်းထဲသို့ ရောက်ရှိနေသည့် လူငယ်လူရွယ် များ၊ လက်နက်ကိုင် အဖွဲ့အစည်းများထံ ရောက်ရှိနေသည့် လူငယ် များနှင့် ပြည်ပသို့ရောက်ရှိနေသည့် လူငယ်လူရွယ်များကို အချိန်မရွေး ပြန်လည်ဖိတ်ခေါ်ပါကြောင်း၊ ရာဇဝတ်မှုကျူးလွန် ထားသူများမှအပ ကျန်သူများအားလုံး ကင်းလွတ်ခွင့် ရစေမည်ဖြစ်ကြောင်း၊ တောခိုပြီး ပြန်ဝင်လာသူများအနက် လူသတ်မှုကျူး လွန် ထားသူများကိုမူ ဥပဒေအရ မည်သို့မျှဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း၊ တောခို သွားသူအများစုမှာ အများအားဖြင့် ရာဇဝတ်မှုကျူးလွန်ထားသူများမဟုတ်ကြောင်း၊ တလွဲအသုံး ချခံရပြီး ထွက်သွားသည့်လူများဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး အရေးယူမှုတစ်စုံ တစ်ရာမရှိဘဲ လက်ခံမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်း ထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင်း၊ ဆက်သွယ်ဆောင်ရွက်ရမည့်အဆင့်များ ပါရှိကြောင်း၊ နိုင်ငံခြားတွင် သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများမှ တစ်ဆင့် ဆက်သွယ်၍ရကြောင်း၊ ပြည်တွင်းတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးရုံးများတွင် ဆက်သွယ်၍ ရကြောင်း၊ တချို့ လက်ရှိ အစိုးရဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များထဲတွင် သတင်းထောက် ကြီးတို့ ပြောသကဲ့သို့ ဖရဲသီးများ ရှိသောကြောင့် အစိုးရထံပြန်လည်ခိုလှုံလိုသူများက ၎င်းတို့ကို မဆက် သွယ်လိုဘဲ တိုက်ရိုက်ဆက်သွယ်ပြီး ဝင်ရောက်လာသူများရှိကြောင်း၊ နည်းလမ်း အဆင့်ဆင့်ဖြင့် သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်း ကောင်း ဆက်သွယ်၍ ရသည့်နည်း လမ်း များရှိကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ်တို့ကို တိုက်ရိုက်ဆက်သွယ်နိုင် သည့် ဖုန်းနံပါတ်များ၊ စိတ်ချရသည့်နေရာများရှိကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဖြစ်ပျက်နေ သည့်အခြေအနေများသည် ဆိုးရွားနေသည့် အခြေအနေများရှိကြောင်း၊ လက်ယက် တွင်း ရေနံထွက်သည့်ဒေသနှင့် ရွှေကျင်နေသည့်ဒေသများတွင် ပို၍ဆိုးကြောင်း၊ တစ်ဖွဲ့ချင်း လုပ်နေ သည်များလည်းရှိကြောင်း၊ ထိုအထဲတွင် ဓားစာခံအဖြစ် သေဆုံးနေသူ များလည်း ရှိကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် လမ်းမှန်ကိုရွေးချယ်ကြရန်နှင့် စိတ်ချလက် ချပြန် လည်ဝင်ရောက် နိုင်သည်ဟု အာမခံကြောင်းကို ယခုနေရာမှပြောလိုကြောင်း၊ မိဘ ပြည်သူများအနေဖြင့် မိမိတို့၏သားသမီးများဖြစ်စေ၊ ဆွေမျိုးသားချင်း များဖြစ်စေ ထိုသို့သော ကိစ္စရပ်များရှိလာလျှင် ဝိုင်းဝန်းကူညီပေးကြရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ သတင်းထောက် နောင်တော်လေး က အကြမ်းဖက် များ၏ အန္တရာယ်နှင့်ပတ်သက် သည့်မေးခွန်းကို မေးမြန်းလိုကြောင်း၊ NLD အစွန်းရောက် PDF များ၏ လုပ်ကြံသတ်ဖြတ်မှုမှကာကွယ်ရန်အတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက် ရန်အတွက် ဝန်ကြီးကိုယ်တိုင်လည်း သတင်းစာ ရှင်းလင်းပွဲများမှ တစ်ဆင့် အကြိမ်ကြိမ်အသိပေး ခဲ့ကြောင်း၊ အကြမ်းဖက် ဘေးအန္တရာယ်သင့် ပြည်သူအချို့နှင့်လည်း အဆက်အသွယ်ရှိကြောင်း၊ ထိုသူများကလည်း ပြည်သူ့စစ်အဖွဲ့များတွင် ပူးပေါင်းပါဝင်၍ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နေကြ သူများလည်း ရှိကြောင်း၊ သို့သော်လည်း PDF များကအင်အားကောင်းနေပြီး ကျေးရွာများတွင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ အင်အားမှာနည်းပါးနေသည် ကို တွေ့ရကြောင်း၊ ဝန်ကြီးအနေဖြင့် သတင်းစကားများပါးနေသော် လည်း မြေပြင်တွင် ပူးပေါင်း ဆောင်ရွက်နေသည့် ပြည်သူများတွင် ဆက်ဆံရေးအရ အဆင်မပြေမှုများနှင့် အခက်အခဲအချို့ ရှိနေကြောင်း၊ ထိုကိစ္စများ အဆင်ပြေစေရန်အတွက် ဝန်ကြီးအနေဖြင့် ပြည်သူများပူးပေါင်း ဆောင်ရွက်ရမည့် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများတွင် မည်ကဲ့သို့ ကူညီလုပ်ဆ ောင် ပေးမည်ကို သိလို ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်သင့်ပြည်သူများ အတွက် လိုက်လံကူညီဆောင်ရွက်ပေးမှုများကို တွေ့ရကြောင်း၊ သို့သော် အကြမ်းဖက်ဘေး အန္တရာယ်သင့်ပြည်သူများကိုမူ ကူညီဆောင်ရွက် ပေးခြင်းမရှိသည်ကို တွေ့ရသောကြောင့် ထိုသူများကို ဘေးသင့်ပြည်သူ များအဖြစ် သတ်မှတ်ခြင်းရှိ/မရှိကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများပါရှိပါက ဖြေကြားပေးစေ လိုကြောင်း မေးမြန်းသည်။
ဦးစားပေးကူညီဆောင်ရွက်
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ သတင်းပေးသည့်အတွက် သတင်းထောက်ကြီးကို ကျေးဇူးတင်ကြောင်း၊ အချို့ကျေးရွာများ တွင် ပြည်သူလူထု၏ တောင်းဆိုချက်အရ ပြည်သူလူ ထုပါ ဝင်သည့် ကာကွယ်ရေးစနစ်ဖြစ်သည့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုသို့ဖွဲ့စည်းပေးလိုက်သောကြောင့် PDF အဖွဲ့များက အဆိုပါကျေးရွာ များကို ပိုမိုပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ကြောင်း၊ အချို့နေရာများတွင် အင်အား ၁၀၀ ကျော်ခန့်အထိ အသုံးပြု၍ ရွာကို ဝိုင်းပတ်ပိတ်ဆို့၍ မီးရှို့ခဲ့ကြသည်ကိုလည်း တွေ့ရကြောင်း၊ ကျေးရွာတွင်ရှိ သည့် ပြည်သူ့ စစ်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ပြန်လည်ခုခံခဲ့သော်လည်း အင်အား မျှတမှု မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်၍ ဘုန်းတော် ကြီးကျောင်းများ ကဲ့သို့သော နေရာများသို့ သွားရောက်ခိုလှုံကြသည့် အချိန်တွင် အိမ်များကိုမီးရှို့ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ ထိုကဲ့သို့သောဖြစ်စဉ်များကို ပို၍ထိထိရောက်ရောက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အင်အား၊ စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်းများ ပိုမိုထိရောက် စေရန်ဆောင်ရွက်သွားမည်ဟုပြောလိုကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကို ဦးစားပေး ကူညီဆောင်ရွက်နေသည်မှာ မှန်သော်လည်း သတင်း ထောက်ကြီးမေးမြန်းခဲ့သည့် ကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်သည့် အနေအထားရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ညှိနှိုင်း ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ သတင်းထောက် နောင်တော်လေး က မိမိယခု မေးမြန်းမည့်မေးခွန်းမှာ အမေရိကန်နိုင်ငံ နှင့်ဆက်စပ်ကြောင်း၊ အဆိုပါနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် မြန်မာ့တပ်မတော်အနေဖြင့် လူမျိုးတုံး သတ်ဖြတ်မှုများကို လုပ်ဆောင်နေသည်ဟူသည့် စွပ်စွဲပြောဆိုမှု တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ရာတွင် မိမိတို့တိုင်းပြည် က အသိအမှတ်ပြုထားခြင်းမရှိသည့် လူမျိုးစုတစ်စု၏ နာမည်ကို သုံးစွဲ၍ ပြောဆိုခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်တွင် တိုင်းရင်းသား ပြည်သူတစ် ရပ်လုံးနှင့် တပ်မတော်အကြား သွေးခွဲသည့်စကားများ ပါဝင်ကြောင်း၊ တိုင်းရင်းသား ပြည်သူများ အပေါ် တပ်မတော်က အနိုင်ကျင့်မှုများ ကျူးလွန်နေသည်ဆိုသည့် ပြောကြား ချက်များ ပါဝင် သည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတကာသတင်းများကို လေ့လာရာ တွင်လည်း အမေရိကန်နိုင်ငံသည် ၎င်းတို့ကိုယ်တိုင် အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည့်လုပ်ရပ်များ ကျူးလွန်ခဲ့သည်ကို တွေ့ရ ကြောင်း၊ သို့သော် မိမိတို့မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲ ပြောဆို၍ ကမ္ဘာသို့ ဝါဒဖြန့်နေသည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ချက် များ ထုတ်ပြန်၍ တုံ့ပြန်ပြောဆိုခြင်းထက် ပို၍ထိရောက်ပြတ်သားသည့် မည်ကဲ့သို့သော ဆောင်ရွက်ချက်မျိုး ဆောင်ရွက်သွားမည်ကို သိလို ကြောင်း မေးမြန်းသည်။
Genocide ကျူးလွန်ခဲ့ခြင်းမရှိ
ဗိုလ်ချုပ် ဇော်မင်းထွန်းက အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒများ ရှိလိမ့်မည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောကြားခဲ့သည့် ဝေဖန်ပြောဆိုမှုများကို မိမိတို့လည်း သိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိတို့၏ရပ်တည်ချက်ကို ယခင် ကတည်းကပင် ပြောပြီးဖြစ်ကြောင်း၊ ၂၀၁၇/၂၀၁၈ ခုနှစ်များတွင် ရခိုင်ပြည်နယ်၌ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်တစ်ရပ်လုံး အနေဖြင့် Genocide ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ ကျူးလွန်ရန်လည်း မရှိကြောင်း၊ သို့သော် တာဝန်ထမ်းဆောင်ရာတွင် စစ်သည်တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ အစုအဖွဲ့ငယ်များအနေဖြင့် လည်းကောင်း၊ မှားယွင်းမှုများ ရှိကောင်းရှိနိုင်ကြောင်း၊ ထိုကိစ္စများ ကိုလည်း စုံစမ်း စစ်ဆေး၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကမ္ဘာပေါ် တွင် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောဆိုမှုနှင့် မည်သည့်နိုင်ငံမျှ မလွတ်ကင်းကြောင်း၊ အခြားနိုင်ငံများ အပေါ် လူ့အခွင့်အရေးချိုးဖောက် သည်ဟု စွပ်စွဲပြောဆိုသော်လည်း ၎င်းတို့နိုင်ငံ၏ သမ္မတတစ်ဦး လက်ထက်တွင် အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၌ ဖြစ်ခဲ့သည့် ကိစ္စရပ်များကို သတင်းထောက်ကြီးတို့လည်း သိပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကို ICC တင်မည်၊ ICJ တင်မည်ဟု ပြောဆိုသည့်အချိန် တွင် အဆိုပါတရားရုံးများနှင့် သက်ဆိုင်သည့် တရားသူကြီးများကို အမေရိကန်နိုင်ငံအတွင်းမှ နှင်ထုတ်မည်ဟု ပြောဆိုသည်အထိ ရှိခဲ့ ကြောင်း၊ ၎င်းတို့၏ ရပ်တည်ချက်မှာ ထိုအတိုင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ကန့်ကွက်ရန်ရှိသည်များကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့ကို ဂရုစိုက်နေမည်ဆိုပါက မိမိတို့လုပ်ရန်ရှိသည့် အလုပ်များကိုပင် လုပ်ဖြစ်မည်မဟုတ်ကြောင်း၊ ပြည်တွင်းအင်အားကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွား မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဒေါ်သန်းသန်းဌေး က ယခုကဲ့သို့ နိုင်ငံတော်၌ အကျပ်အတည်းဖြစ်ပေါ်နေသည့်ကာလတွင် ကုန်ဈေးနှုန်းကလည်း တစ်နေ့တခြား တက်နေ သကဲ့သို့ စက်သုံးဆီ ဈေးမှာလည်း အဆမတန်မြင့်မားနေကြောင်း၊ အခြေခံလူတန်းစား တော်တော် များများမှာ စားဝတ်နေရေးကျပ်တည်းနေသည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပြည်သူများအဆင်ပြေစေရန် ကုန်ဈေးနှုန်း ထိန်းချုပ် လျှော့ချပေးရန် အစီအစဉ် ရှိ/မရှိနှင့် ယာဉ်စီးခနှုန်းထားများ အဆမတန်ကြီးမား နေသည်ကို သင့်တော်သည့်ဈေးနှုန်းများ သတ်မှတ်ထိန်းချုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလို ကြောင်း မေးမြန်းသည်။
ပံ့ပိုးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်း များနှင့် ယာဉ်စီးခနှုန်းထားများ ကြီးမြင့်နေမှုကို ယခင်ဆိုရှယ်လစ် ခေတ်ဆိုပါက ကန့်သတ်ချက်များ လုပ်၍ရကြောင်း၊ သို့သော် ယခု အချိန်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့် အတွက် ထိုကဲ့သို့ လုပ်၍မ ရကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ပြည်သူ လူထု၏ စားဝတ်နေ ရေးချောင်လည် လာစေရန်အတွက်၊ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ပံ့ပိုးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာဉ်စီးနှုန်းခကြီး မြင့်မှုမှာ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြောရမည်ဆို ပါက မိမိတို့ နိုင်ငံသည် စက်သုံးဆီထွက်ရှိသည့် နိုင်ငံမဟုတ်ကြောင်း၊ ရေနံ ထွက်ရှိသည် ဆိုသော်လည်း လုံလောက်မှုမရှိသည့်အတွက် ပြည်ပမှ မှာယူ တင်သွင်းနေရ ကြောင်း၊ ထိုသို့ ပြည်ပမှတင်သွင်းရသည့်အတွက် ပထမဆုံး မိမိတို့လုပ်ဆောင်သည်မှာ မိမိကိုယ်တိုင် ချွေတာခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထုကို ချွေတာခိုင်းနေခြင်း မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် စက်သုံးဆီသုံးစွဲမှုများကို ချွေတာရန်အတွက် အစိုးရ ဝန်ကြီးဌာနများတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပြည်သူ လူထုကို အတင်းအကျပ်လုပ်ခိုင်း၍မရကြောင်း၊ ပညာပေးအစီအစဉ် အနေဖြင့် မည်ကဲ့သို့ လျှော့သုံးသင့်ကြောင်း အသိပညာပေးမှုများ ကိုလည်း လုပ်ဆောင်နေကြောင်း၊ ရေနံကို သက်သာသည့်ဈေးနှုန်းဖြင့် တင်သွင်းခွင့်များရရှိမှ သာလျှင် ထိုကိစ္စကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဒေါ်သန်းသန်းဌေး က အကြောင်းအမျိုးမျိုး ကြောင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံနေရသည့် မီဒီယာနှင့် အရပ်သားပြည်သူများကို သက်ညှာစဉ်းစားပေးပြီး ဖြေလျှော့ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများကို မိမိတို့လုပ်ဆောင် လျက်ရှိကြောင်း၊ သို့သော် ကာယကံရှင်များ၏ ကိုယ်တိုင်ဝန်ခံချက် လိုအပ်ကြောင်း၊ ၎င်းတို့၏ ဝန်ခံချက်ဖြင့် သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ရမည်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ကလည်း လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ ကာယကံရှင်များ၏ ဝန်ခံ ချက်ရသည်နှင့် ခံဝန်ဖြင့် လွှတ်ပေးရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် ကျူးလွန်ခဲ့သူများ အနက် အဓိကအားဖြင့် ရာဇဝတ်မှုကျူးလွန်ထားခြင်း မရှိသူများနှင့် ဦးဆောင်လှုံ့ဆော်သူများ မဟုတ်ပါက သက်ညှာစွာစဉ်းစားပေးပြီး ခံဝန်ဖြင့် ပြန်လည်လွှတ် ပေးနိုင်ရေးကို ရာဇဝတ်ကျင့်ထုံး ဥပဒေအရ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းမှာလည်း တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံတော်တည်ဆောက်ရေး တာဝန် များတွင် ပါဝင်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။