နေပြည်တော် မတ် ၃၀
၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ (၂၇) ကြိမ် မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရုံးအမှတ် (၃၅) နေပြည်တော် မှ တက်ရောက်ကြသည်။
အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယား နိုင်ငံ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး H.E Dr. Hang Chuon Naron က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူစဉ် ၂၀၂၂ ခုနှစ်အတွင်း ချမှတ်ထား သော Theme ဖြစ်သည့် ASEAN A.C.T: Addressing Challenges Together ဟူသည့် ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်မှုနှင့် စီးပွားရေးချိတ်ဆက်မှုတို့ကို လက်ကိုင်ထား၍ အာဆီယံတန်ဖိုး များဆီသို့ လက်တွဲ ဆောင်ရွက်ရန် ယုံကြည်မှုရှိပါကြောင်း၊ ASCC ၏ ဦးစားပေးမှုများ၊ ပဏာမခြေလှမ်းများနှင့် ယခုနှစ် တွင် ဆောင်ရွက်နိုင်မှုတို့သည် ဘုံရည်မှန်းချက်ဆီသို့ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ လာမည့် အကြိမ် (၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် အတည်ပြုလက်ခံ မည့် ရလဒ်မှတ်တမ်းမှတ်ရာများသည် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ ရည်မှန်းချက်များနှင့် အောင်မြင်မှုများကို ထင်ဟပ် နေပါကြောင်း၊ ပဏာမခြေလှမ်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ သဘာဝဘေး အန္တရာယ်များ၊ လက်ရှိနှင့် ကိုဗစ်-၁၉ ရောဂါအလွန် ပတ်ဝန်းကျင်တွင် သာတူညီမျှအရည် အသွေးရှိသော ပညာရေးရရှိရေး၊ စွမ်းအင်နှင့် စားနပ် ရိက္ခာဖူလုံရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာ လုံခြုံရေးပြဿနာများအပါအဝင် လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို တုံ့ပြန်မည်ဖြစ် ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီး H.E. Dr. Dy Khamboly က (၃၂) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးဆိုင်ရာ အစီရင်ခံစာကို တင်ပြသည်။
(၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေး၌ ၂၀၂၂ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ အတွင်း ဆောင်ရွက်မည့် ဦးစား ပေးနယ်ပယ်များဖြစ်သည့် အာဆီယံ၏ စံတန်ဖိုးများ၊ အသိအမြင်နှင့် စရိုက်လက္ခဏာများကို မြှင့်တင်ခြင်း၊ လူ့စွမ်း အားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာတိုးမြှင့်ပေးရေး၊ အာဆီယံပြည်သူများ၏ ကျန်းမာရေး၊ ကြွယ်ဝပြည့်စုံရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးတို့ကို တိုးမြှင့်စေရေး၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း၏ အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည် နှင့် ထိရောက်မှု တို့ကို အားကောင်းစေရေး တို့အတွက် လည်းကောင်း၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အကြိမ်(၄၀)မြောက်နှင့် (၄၁) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့် အစီရင်ခံစာများအား အတည်ပြုခြင်း၊ (၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ၏ ပူးတွဲကြေညာချက် (မူကြမ်း)ကို အတည်ပြုခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအတွက် စတင်ဆောင်ရွက်မည့် Reopen, Recover, and Resilience in Education နှင့် အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာ များ ကိုးခုကို အတည်ပြုရန်အတွက် လည်းကောင်း၊ မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ ၂၃ ခု တို့၏ အခြေအနေများ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ (၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ၏ မှတ်တမ်း အကျဉ်းချုပ်အား အတည်ပြုရန်အတွက် လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ၂၀၂၂ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ရသည့် ကမ္ဘောဒီးယား နိုင်ငံ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊ ASCC အတွက် တိကျသည့် မဟာဗျူဟာကို ဖော်ဆောင်ရန် ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင် ရွက်မှုများနှင့် တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့် မိပါကြောင်း၊ အာဆီယံစည်းမျဉ်း စည်းကမ်း၊ နည်းလမ်းများနှင့်အညီ မိမိတို့အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ဆောင်ရွက်မှုများကြောင့် မိမိတို့သည် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်းသို့ သွားရောက် နေသည့် လမ်းကြောင်းတစ်ဝက်တွင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ASCC အသိုက်အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြု စေနိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများအားလုံးနှင့် ကမ္ဘောဒီးယား နိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရန် ချမှတ်ထားသော ဦးစားပေးနယ် ပယ်များနှင့် အစီအစဉ်များအား ထောက်ခံပါကြောင်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင် ရည်နှင့် ထိရောက်မှုတို့ကို အားကောင်းစေမှု အား ကြိုဆိုပါကြောင်း၊ ထို့ပြင် အကြိမ် (၄၀) မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး များ တွင် တင်သွင်းမည့် ကြေညာစာ တမ်းများကိုလည်း မြန်မာနိုင်ငံမှ ထောက်ခံပါကြောင်း ဆွေးနွေး ပြောကြားသည်။
သတင်းစဉ်