Skip to main content

မေလ ၁၂ ရက်တွင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန် ဖွင့်မည်

နေပြည်တော်   မတ်    ၃၀

ပညာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည်      ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ  တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဆရာအတတ် ပညာဦးစီး ဌာနရှိ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊  အခြေခံပညာဦးစီး ဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၌    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း၍  ပညာရေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို     အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ  ပညာရေးဒီဂရီကောလိပ်များ၏ အတန်းအားလုံး၊  ဘာသာရပ်အားလုံးကို  ၂၀၂၂ ခုနှစ် မေ  ၁၂  ရက်တွင်    ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား  ကျောင်းသူများ၏ ပထမနှစ် သင်တန်း များကိုပါ မေ ၁၂ ရက်တွင်   ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊    ဝင်ခွင့်ရတက္ကသိုလ်များ     စာရင်းကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ဧပြီ ၁ ရက်၌ ကြေညာသွား မည်ဖြစ်ကြောင်း၊  အဝေးသင်တက္ကသိုလ် သင်တန်းများသည်  စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အနီးကပ်သင်တန်း  တက်ရောက်  ဖြေဆိုကြ မည်ဖြစ် ကြောင်း၊ နိုဝင်ဘာလတွင် စာသင်နှစ်ဝက်အသစ်အတွက်  တက္ကသိုလ်အတန်း များကို    ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်   ကျောင်းသား ကျောင်းသူ များလည်း   တက်ရောက်ကာ    ပုံမှန်စာသင်နှစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ကြိုးစား ဆောင် ရွက်ကြ စေလိုကြောင်း။

လက်ရှိ   တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စာစစ် လုပ်ငန်းများအတွက် လိုအပ်သည်များကို တက္ကသိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများ၊ အခြေခံဆရာ ဆရာမ များ အားလုံး ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊    မေလ ၁၂ ရက်တွင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန်ဖွင့်မည်ဖြစ်၍   မိမိတို့ကျောင်းအလိုက် သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် မီးဘေးလုံခြုံရေး၊  သဘာဝဘေးအန္တရာယ်ကာကွယ် ရေးလုပ်ငန်းများ     အသင့်ပြင်ဆင် ဆောင်ရွက်ထား ကြစေလိုပါကြောင်း၊ ကိုဗစ်စင်တာ ဖွင့်လှစ်ခဲ့သော အဆောင်များကို ပိုးသတ်သန့်စင် ထားရမည်ဖြစ် ကြောင်း၊  တက္ကသိုလ်များတွင် BA(Law)နှင့် BA(Eco)သင်တန်းများ  ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်း တမ်းများကို အသင့်ပြင်ဆင်ထားကြစေလိုကြောင်း။

၂၀၂၂   ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  ကျောင်းသား  ကျောင်းသူများ     စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်      လိုအပ်ချက်များရှိပါက ချက်ချင်းဖြည့်ဆည်း     ဆောင်ရွက် ပေး ကြစေလို ကြောင်း၊   တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုစဉ် ကာလအတွင်း အမှား အယွင်းမရှိစေရေးနှင့် အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက်    ဝိုင်းဝန်း လက်တွဲဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးဇော်ဝင်းတို့က ကဏ္ဍအလိုက်   အကောင် အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ  စနစ်တကျ ဆောင်ရွက်ရေး ကိစ္စရပ်များကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းနှင့် အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ ဝင်းထွန်းတို့က     လတ် တလောနှင့်    ရှေ့ဆက် ဆောင်ရွက်ရမည့်     လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်