Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်  မတ်   ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင် သည်ရန်ကုန်မြို့ရှိ    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ   မဟာ မင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့  မွန်းလွဲ ၃  နာရီတွင်  နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့်  တိုင်းရင်း သားပြည်သူများ၏   လူမှုစီးပွားဘဝများ   ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် ပေးနေမှု၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် UNHCR တို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီက အကောင် အထည်ဖော်   ဆောင်ရွက် လျက်ရှိသည့် နေရပ်စွန့်ခွာသွားသူများ  ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများ   ပြန်လည်နေရာ ချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ  အမျိုးသားအဆင့်ကော်မတီက   လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ် အဆင့်ကော်မတီ များဖွဲ့စည်း၍ လုပ်ငန်းများ  ထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်မှုကြောင့်   ဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည့် အစီအမံ များကို  ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်