(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့ အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မင်းမြတ်သုံးပါး ရုပ်တုတို့အား အများပြည်သူ မည်သူမဆို ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာနိုင်ရန် တပ်မတော်ပန်းခြံအား မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။