(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများတပ်ဆင် ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ်မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့အား အများပြည်သူမည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာ နိုင်ရန် တပ်မတော်ပန်းခြံအား မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲ မှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။