Skip to main content

ရေကြည်မြို့နယ်၌ ငါးကောင်ရေ တစ်သိန်းခွဲ မျိုးစိုက်ထည့်

ရေကြည် မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်း ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဂရန်အင်းများ၏ ငါးထုတ် လုပ်မှုတိုးတက်စေရေးအတွက် မတ် ၂၄ ရက်က သောင်ကြီးကျေးရွာ အုပ်စု၊ တက်ဆိပ်မြစ်ကျိုးအင်း၌ ငါးမျိုးစိုက်ထည့်သည်။

ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးမြင့်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊ အင်းသားကြီးများစုပေါင်း၍ တက်ဆိပ်မြစ်ကျိုးအင်းအတွင်းသို့ နှစ်လက်မ အောက်ခံ အရွယ်အစား ငါးမြစ်ချင်းကောင်ရေ တစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခြင်းဖြစ်သည်။ တက်ဆိပ်မြစ်ကျိုးအင်းသည် ငဝန်မြစ်ပေါက် မြစ်ကျိုးအင်းဖြစ်၍ အင်း ၁၆ အင်းနှင့်  ဆက်စပ်လျက် ရှိသောကြောင့် ဂရန်အင်းများ၏ ငါးထုတ်လုပ်မှု တိုးတက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

သတင်းစဉ်