Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော် မတ် ၂၇

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေပြည်တော်ဝင်သာမဏေကျော် ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ မဟာဇောတိကာရာမကျောင်းတိုက် သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မယဉ်သာသနာ့ရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ရှိ ရွှေကျောင်း ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးကျောင်းကုန်းမြို့နယ်ရှိ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်