နေပြည်တော် မတ် ၂၇
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင် ရွက်လျက်ရှိသည်။
ဆက်ကပ်လှူဒါန်း
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ ရွှေပြည်သာပရိယတ္တိ စာသင်တိုက်၊ မှော်ဘီမြို့နယ်ပိန္နဲကုန်းကျေးရွာရှိ အောင်ပြည့်လျှံ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ပါရိစ္ဆတ္တကာရာမကျောင်း၊ ရခိုင်ပြည်နယ် အမ်းမြို့ရှိ ဝဏ္ဍိတာရာမပရိယတ္တိစာသင်တိုက်၊ စာရုတောင် ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူ မြို့ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်း စုစုပေါင်း ကျောင်း၂၀၊ မကွေးတိုင်းဒေသကြီး မလွန်မြို့နယ်ရှိ ရွှေလသာကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ရေခါးကျေးရွာ ဘုန်းတော်ကြီးကျောင်း တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်
ထို့အပြင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၁၂၅ ဦးတို့ကို ယနေ့မွန်းလွဲ ပိုင်းတွင် အဆိုပါမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက တိုင်းရင်းဆေးဝါးများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ဖြင့် ပူဇော်ကန်တော့ကြသည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့ကသက်ကြီးဘိုးဘွားများကို လိုအပ်သည် ကျန်းမာရေးစစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်