Skip to main content

ခရီးသွားလုပ်ငန်းနှင့် ခိုင်မာသောအဖွဲ့အစည်း ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၅

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်ဌေးဝင်သည် နံနက်ပိုင်းတွင် ဝန်ကြီးဌာနကျောက်စိမ်းခန်း၌ “ခရီးသွား လုပ်ငန်းနှင့် ခိုင်မာသော အဖွဲ့အစည်း ခေါင်းစဉ်ဖြင့် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

တက်ရောက်

အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်သူများ၊ တက္ကသိုလ်ကောလိပ် မှ ၁၁၈၃ ၁ဥ၊ နယ်ရုံးခွဲများမှရုံး ခွဲတာဝန်ခံများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်း မှ တက်ရောက်ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပခုအခါ ရပ်နားခဲ့သော နိုင်ငံတကာ ကြောင်းလိုင်းများ ဧပြီ ၁၇ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကိုးဗစ် ၉ ကားကို ထိခိုက်ခဲ့သော ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်လာရန် ဝန်ကြီးဌာနက နိုင်ငံတကာ နှင့် ပြည်တွင်းအဖွဲ့အစည်း၊ နယ်ရုံးခွဲ တာဝန်ခံနှင့် အွန်လိုင်း၊ အော့ဖ်လိုင်းတို့ဖြင့် တွေ့ဆုံကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ကဲ့သို့ စီမံကိန်းများ ရေးဆွဲထုတ်ပြန်ထားပြီး စနစ်တကျ အကောင်အထည်ဖော်ရေးအတွက်ကိုလည်း ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းထားကာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုမှာ အဓိကဖြစ်သောကြောင့် ဖွဲ့စည်း ထားပြီးဖြစ်သော ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ အနေဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မေလဲ့ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း အကြံပေး ဒေါ်ကြည်ကြည်အေး တို့က ကဏ္ဍအလိုက် ရှင်လင်း ပြောကြားသည်။

တင်ပြဆွေးနွေး

ထို့နောက် ဆွေးနွေးမှုများအပေါ် အဖွဲ့လေးဖွဲ့ခွဲ၍ မြန်မာနိုင်ငံ ရီးသွားလုပ်ငန်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေညာချက်များနှင့် စည်းမျဉ်းစည်ကမ်းများ၊ ကော်မတီအဆင့်အဆင့် ဖွဲ့စည်း ဆောင်ရွက်နေမှုများ၊ ခရီးသွား ဧည့်သည်များ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ စသည့် ခေါင်းစဉ်များအပေါ် အဖွဲ့ လေးဖွဲ့မှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေး ကြသည်။ ယင်းနောက် အလုပ်ရုံ ဆွေးနွေးပွဲ၏ သဘာပတိ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းညွှန့် က ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီး က  နိဂုံးချုပ် အမှာစကားပြောကြားကာ ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

လက်ခံတွေ့ဆုံ

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဥရောပအာရှစီးပွားရေးကော်မရှင်၏ ကိုယ်စားလှယ်အဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီးဌာန လေကျောင်းပို့ဆောင်ရေး အေဂျင်စီ၊ နိုင်ငံတကက်ဆံရေးဌာန၏ ဒုညွှန်ကြားရေးမှူး မစ္စတာဆာဂေအီလ်းဗာဆီလီဗ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံကာ ရုရှား-မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲရေး၊ အစိုးရ-ပုဂ္ဂလိက ခရီးသွားကဏ္ဍ  ပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ လွယ်ကူ အဆင်ပြေစွာ လည်ပတ်နိုင်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဥရောပအာရှစီးပွားရေးကော်မရှင်၏ ကိုယ်စားလှယ် အဖွဲ့မှ Russian Association for Friendship & Cozperation with Myanmar ဒုတိယဥက္ကဋ္ဌ က  မစ္စတာ ဗစ်တလေမာလိဖ့်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ကူညီပေးစေလို

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ရုရှား ခရီးသွားဧည့်သည်များ လာရေက်သည့် အခါတွင် ဘေးအန္တရာယ် ကင်းရှင်စွာ လည်ပတ်နိုင်ရေး၊ တည်းခို နေထိုင်ရေးတို့ကို ဆက်စပ်ဌာန အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧည့်ဝန်ဆောင်မှု သင်တန်းများ၊ ရုရှားဘာသာစကား သင်တန်းများကိုလည်း ဖွင့်လှစ်ရေးအတွက် ကူညီလိုကြောင်း ပြောကြားသည်။

ကိုယ်စားလှယ်အဖွဲ့က မိမိတို့အနေဖြင့် ရုရှားခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသင်တန်းများ ဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊  နှစ်နိုင်ငံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်