Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၄

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မူဝါဒ(၄)ရပ်၊ လုပ်ငန်း တာဝန်(၇)ရပ် ချမှတ်၍ အမျိုးသမီး ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ လုပ်ငန်းများကို အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အမျိုးသမီး အရေးတက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့များကိုလည်း ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊ ဒေသအလိုက် အမျိုးသမီး များဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ ခရိုင်(၇၄)ခု၊ မြို့နယ် (၃၃၀)တို့တွင် အမျိုးသမီး ကော်မတီများကို ဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော် မတီများအကြား သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် အစည်း အဝေး(၂)ကြိမ် ကျင်းပဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက် မှုများအပေါ် လိုအပ်သည့် ကြီးကြပ်လမ်းညွှန် မှုများဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ် ခြင်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို လုပ်ငန်း ဧရိယာ (၁၂) ရပ်ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ NSPAW Phase I ကို ပြန်လည်သုံးသပ်ပြီး NSPAW Phase II ကို ရေးဆွဲနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ NSPAW အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် အဆင့်ဆင့်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး /ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီ များ၏ စွမ်းရည်များသည် များစွာအရေးကြီးပါကြောင်း၊ အမျိုးသမီးများ၏ ဘဝကိုအားပေးမြှင့် တင်ခြင်းသည် ၎င်းတို့၏ မိသားစုကို တိုးတက်စေခြင်းဖြစ်သလို စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေး နှင့် တန်းတူညီမျှမှုတို့ကိုပါ ထပ်ဆင့်ရရှိစေမည် ဖြစ်ပါကြောင်း၊ ထိုကြောင့် နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှသော အခွင့်အရေးများရရှိစေရန် ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးများ သိရှိစေရန် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၁) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်း စဉ်များအား ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော် အမျိုးသမီး  ကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီး ကော်မတီများ၏ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာဒေသအလိုက် အကောင် အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များမှ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ ခြင်း များ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)