နေပြည်တော် မတ် ၂၃
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း STAR MART အရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက် ရွာကောက် ရန်ကုန်-မန္တလေးလမ်းအနီးရှိ အဆိုပါအရောင်းဆိုင်၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ယာပုံ) STAR MART အရောင်းဆိုင်အတွင်း ခင်းကျင်းပြသထားသော စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူ တစ်ဦးက အဆိုပါ အရောင်းဆိုင်ဆိုင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းအရောင်းဆိုင်တွင် ဆန်၊ သကြား၊ ဆီသွတ်ဘူးမျိုးစုံ၊ ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်မှ ထုတ်ကုန်များ၊ ရွှေဖီဦးအသင့်ဖျော် လက်ဖက်ရည်ထုပ်၊ နန်းမြိုင်ကော်ဖီ၊ နေပြည်တော် သောက်ရေသန့်၊ SUN နို့မှုန့် စသည့်စားသောက်ကုန်ပစ္စည်းများ၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေး၊ အုန်းသားဆီ၊ အုန်းဆန်မှုန့်တုံး စသည့်လူသုံးကုန်ပစ္စည်း များ၊ အိမ်ရိုက်သံအမျိုးမျိုး၊ သွပ်ဆူးကြိုးခွေ၊ သွပ်ဆူး ကြိုးလိပ်၊ ဘိုးနပ်ဝါရှာ၊ ကြံ့တံဆိပ်ဘိလပ်မြေနှင့် ဆင်နှစ်ကောင် အမှတ်တံဆိပ်ဘိလပ်မြေ စသည့် အိမ်ဆောက်ပစ္စည်းများ၊ TRI-STAR အမှတ်တံဆိပ် တာယာဆိုဒ်မျိုးစုံ၊ SIGMA အမှတ်တံဆိပ်မီးကြိုးဆိုဒ် မျိုးစုံ၊ CNC 3D Machine အသုံးပြု၍ ထုတ်လုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်နှင့် မာဘယ်လ်အချောထည် ပစ္စည်းများ၊ Mytel နှင့် MECTEL Sim ကတ်နှင့် ငွေဖြည့်ကတ်အမျိုးမျိုး၊ ဖန်ထည်ပစ္စည်းများ၊ အောက်ဆီဂျင်နှင့် Need Me အမှတ်တံဆိပ် မီးသတ်ဆေးဘူးများ၊ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သော STAR Mask နှင့် တစ်ခါသုံး ဆေးထိုးအပ်အမျိုးမျိုး၊ Smart အမှတ်တံဆိပ်ရှပ်အင်္ကျီအမျိုးမျိုး၊ အခြားအသုံးအဆောင် ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းခြင်းများကို ဝယ်ယူရရှိနိုင်သည့်အပြင် မြန်မာမိုလ်ဘိုင်း ငွေကြေးဝန်ဆောင်မှုဖြင့် ငွေဖြည့်၊ ငွေလွှဲခြင်းများကို ဆောင်ရွက်နိုင်ပြီး တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်