Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၂၃

တနင်္သာရီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကျွန်းရတနာ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆီအုန်းပင်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ကိုကိုးသီးနှံပင် စိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေများနှင့် “ဝ” ဥ စိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်