Skip to main content

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကျင်းပ

နေပြည်တော် မတ် ၂

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်သဘင်ဆောင်၌ ကျင်းပသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာသံစဉ် တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများကို သီဆိုဖျော်ဖြေကြသည်။

ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဂုဏ်ပြုဆုငွေများ ပေးအပ်

ဂုဏ်ပြုဆုငွေများပေးအပ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများက သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်