နေပြည်တော် မတ် ၂၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နှင့် ဥတ္တရသီရိမြို့နယ်များအတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်းနှင့်ရေမြောင်း ပြုပြင်ခြင်းလုပ်ငန်းများစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ကွင်းဆင်းကြည့်ရှု ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများက ခွာညိုအဝိုင်းနှင့် သတ္တ သတ္တာဟဘုရားကြား နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများကို အလျား ၆ မိုင် ၃ ဖာလုံ၊ အကျယ်-၂၄ ပေ၊ အမြင့် သုံးလက်မနှင့် ဆင်ဖြူရှင်ရပ်ကွက်ရှိ ကွန်ကရစ်လမ်းများ၊ လမ်း Box Culvert ရေမြောင်းလုပ်ငန်းများ၊ နဝဒေးရပ်ကွက်နှင့် တပင်ရွှေထီး ရပ်ကွက်ရှိ ကွန်ကရစ်လမ်းများ၊ ပုဗ္ဗသီရိမြို့ပတ်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများ၊ ဇီးကုန်း| လေသာ ဆင်သေချောင်းကူးတံတား၊ ရုံးပင်အေးချမ်း သာတံတား၊ ပေါင်းလောင်းကြို့ပင်သာတံတား၊ H-1 နှင့် ရွှေကြာပင်လမ်း(မဟာသုခ)လမ်း ကွန်ကရစ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းပြီးစီးမှုကို အသေးစိတ်ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်