နေပြည်တော် မတ် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင်ကျောက်ဟွိုင်တို့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဖြစ်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟု အလေးထားပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာ တွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း ထပ်လောင်းကတိပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ကတိကဝတ်သည် အပြောသက်သက်မဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြခဲ့သည်မှာ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကပင် ဖြစ်ကြောင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား နေပြည်တော်ရှိ M Gallery Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်