Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၂၁

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင် ကျောက်ဟွိုင်တို့အား ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် အထူးကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည် ဖော်ခြင်း၊ ဒုတိယ အဆင့်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက် ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

သတင်းစဉ်