မြောက်ဦး မတ် ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ( ရဲမှူးကြီး သက်လွင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိရာ သျှစ်သောင်းပုထိုး တော်ကြီးအဝင် မုခ်ဦးရှိ အာရှ - ပစိဖိတ် ဒေသ မှတ်တမ်းအမွေ အနှစ်စာရင်းဝင် အာနန္ဒစန္ဒီ ကျောက်စာတိုင်ကို လေ့လာကြည့်ရှုပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းထားဆဲဖြစ်၍ စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်နှင့် အာနန္ဒစန္ထ ကျောက်စာနှင့် ပတ်သက်၍ ဝေသာလီခေတ် အေဒီ ၄ ရာစုမှ အေဒီ ၁၀ ရာစုအထိခေတ်အဆက်ဆက် ရေးထိုးခဲ့သည်ကို ပြည်သူလူထု သိရှိနားလည်စေရေး ပြည့်ပြည့်စုံစုံ ဖော်ပြပေးရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်သျှစ်သောင်းပုထိုးတော် ကြီးသို့ရောက်ရှိပြီး မိုးယိုစိမ့်မှု အခြေအနေ၊ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ၏ စိစစ်အကြံပြုချက်များနှင့်အညီ ပြုပြင်ထိန်းသိမ်းရန် မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အံတော်သိမ်ဘုရား၊ လောင်ပွန်းပြောက် ဘုရား၊ ချိန်ကိုက် ပိဋကတ်တိုက်၊ ထုက္ကန် သိမ်ဘုရားတို့ကို ကြည့်ရှုစစ်ဆေးပြီး မြောက်ဦးဒေသသည် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားသည်နှင့် အညီ သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှုတန်ဖိုးများ မြင့်မားသဖြင့် ရေရှည်တည်တံ့စေရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် အတွက် ရှေးဟောင်းအဆောက် အအုံကို ထိန်းသိမ်းရာတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရေး၊ ကျူးကျော်တည်ဆောက်မှုများ မရှိစေရေး၊ သာသနိက အဆောက်အအုံများကိုလည်း သံဃာအဖွဲ့ အစည်း အဆင့်ဆင့်၏စိစစ်ထောက်ခံချက်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းစောင့် ရှောက်ရန် ဒေသခံပြည်သူများကို အသိပညာပေးရန်နှင့် ရှေးဟောင်းအမွေအနှစ် မြင်ကွင်းမထိခိုက် စေရေးအတွက် အဆောက်အအုံအသစ် တည်ဆောက်မှုမှန်သမျှကို စနစ်တကျ စိစစ်သွားရန် မှာကြားခဲ့ ကြောင်းသိရသည်။
သတင်းစဉ်