Skip to main content

ပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး၏ဥတုဇရုပ်ကလပ်တော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမအဂ္ဂိဈာပန အတွက် အလှူငွေများပေးအပ်

နေပြည်တော် မတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန နာယက ရွှေကျင်နိကာယဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ၊ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇမဟာအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါစရိယ ဝိဇောတာရုံ ဆရာတော်ဘုရားကြီးသည် ယနေ့နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

အဆိုပါဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုကာ အန္တိမ အဂ္ဂိဈပန သဘင်ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များ လျှောက်ထားတင်ပြခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆရာတော်ဘုရားကြီးသည် သက်တော် ၉၃ နှစ်၊ သိက္ခာဝါတော် ၇၂ ဝါထိတိုင် သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို ကြိုးပမ်းဆောင်ရွက် တော်မူခဲ့ကြောင်း၊ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို ၁၃၈၃ ခုနှစ် ၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ မတ် ၂၂ ရက် ညနေ ၅ နာရီတွင် အန္တိမအဂ္ဂိဈပန သဘင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်