Skip to main content

ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်း အမှား အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ ဆောင်ရန် ရှောင်ရန် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြော

နေပြည်တော် မတ် ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်းတယ)၌ သတင်းအမှား အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ ဆောင်ရန် ရှောင်ရန် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်သည်။

ဦးစွာ လူငယ်သင်တန်း ကျောင်း(ပင်းတယ) ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်က အသိပညာပေး ဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ပေးရခြင်းအကြောင်းနှင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တင်အောင်က သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်းကို လည်းကောင်း ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်နန်းအောင်က သတင်းအမှား အမှန်များ လုပ်ကြံသတင်းများ ခွဲခြားနိုင်ရန်နှင့် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ကိုလည်းကောင်း၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဦးစီးမှူး ဦးဇင်မိုးမြင့်က သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကိုလည်းကောင်း ဟောပြောသည်။

အဆိုပါဟောပြောပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်အုပ်ဆရာကြီး၊ ဆရာ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။

သတင်းစဉ်