ရန်ကုန် မတ် ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ရပ်ကွက်၊ အမှတ်(B-2)တွင် ယနေ့ နံနက် ၈ နာရီက ရုပ်ရှင်ရုံဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရုပ်ရှင်အစည်းအရုံးနာယက အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ရုပ်ရှင်ရုံ ခန်းမအတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် Paradiso Cinemas Co.,Ltd ၏ ဥက္ကဋ္ဌ ဦးလွင်မိုးမှ ပါရာဒီဆိုရုပ်ရှင်ရုံများ ဖြစ်ပေါ်လာခြင်းသမိုင်းအကျဉ်းကိုပြောကြားပြီး Paradiso Cinemas Co.,Ltd ၏ ဒါရိုက်တာ ဦးသူရ(ဦးဇာဂနာ)မှ ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ရုပ်ရှင်ရုံ၏ အရုပ်နှင့် အသံစနစ်များအား တက်ရောက်လာသော ဧည့်ပရိသတ်များအား ပြသခဲ့ကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)