တိုက်ကြီး မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် အထက် ပြည်သူများအား ပထမအကြိမ် နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာ ရန်ကုန်-ပြည်လမ်း အိုးတန်းရပ်ကွက် မြို့နယ်သာသနာ ဗိမာန်တော်တွင် မတ် လ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်က အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ် အဖြစ် (၃၅၂)ဉီး၊ ဒုတိယအကြိမ် အဖြစ် (၃၈၈)ဉီး စုစုပေါင်း (၇၄၀)ဦးအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း မှတ်တမ်းစာရင်းရေးသွင်းကောက်ယူခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြန်လည် ပေးအပ်ခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)