နေပြည်တော် မတ် ၁၅
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်၍ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ စဉ်ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးများက အမှာစကားများ ပြောကြားကြပြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လိုက်နာဆောင် ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တက်ရောက် လာသူများက တက္ကသိုလ်ဝင် စာမေးပွဲကျင်းပစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှု မရှိစေရေးအတွက် စာမေးပွဲ ကျင်းပရန်နေရာများ ကြိုတင် ပြင်ဆင်ထားရှိရာတွင် သံသယ လူနာများ/ အနီးကပ်ထိတွေ့သူ များ စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းများတွင် သီးခြားစာ ခန်းများ စီစဉ်ထားရှိရေး၊ ဓာတ်ခွဲ အတည်ပြုလူနာများ စာမေးပွဲ ဖြေဆိုရန်အတွက် ဆေးရုံများ/ ကုသရေးစင်တာများတွင် စာဖြေခန်းများ ကြိုတင်ပြင်ဆင် ထားရှိရေး၊ သီးခြားစာခန်းများတွင် တာဝန်ကျ ဆရာ/ဆရာမများ သည် Level-2 PPE တစ်ကိုယ်ရေ သုံး အကာအကွယ်ဝတ်စုံဝတ်ဆင် ထားရှိရေး။
စာမေးပွဲကျင်းပခြင်းကို စီစဉ် မည့်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ စာမေးပွဲအဖြေလွှာများမှတစ်ဆင့် ရောဂါမကူးစက်စေရေး ဆောင် ရွက်ရန် အချက်များ၊ စာမေးပွဲ လာရောက် ဖြေဆိုမည့်သူများကို လိုက်နာဆောင်ရွက်ရန် ကြိုတင်အသိပေးထားရမည့် အချက် များ၊ ကိုဗစ်-၁၉ သံသယလက္ခဏာရှိ သူတွေ့ရှိပါက ဆောင်ရွက်ရန် အချက်များ၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး။
စာမေးပွဲဖြေဆိုခန်းဝင်ပေါက် များတွင်ဝင်ရောက်လာသူအားလုံးကို ကိုယ်အပူချိန်တိုင်းတာ နိုင်ရေး၊ စာမေးပွဲဖြေဆိုရန် လာရောက်သူ ကျောင်းသား ကျောင်းသူများ အားလုံးအား ပါးစပ်နှင့် နှာခေါင်းစည်း (Surgical mask) ဝတ်ဆင်ထားစေရေး၊ စာမေးပွဲကျင်းပရာသို့ လာရောက်သူများ အားလုံး လက်ဆေးကြောသန့်စင် နိုင်ရေးအတွက် ရေနှင့် ဆပ်ပြာ စီစဉ်ပေးနိုင်ရေး၊ ဖြေဆိုခွင့်ကတ် ပြားစစ်ဆေးရာနေရာနှင့် စာမေးပွဲ ဖြေဆိုခန်း ဝင်ပေါက်များတွင် အယ်လ် ကိုဟော ၆၀ ရာခိုင်နှုန်း ပါဝင်သော လက်သန့်စင်ဆေးရည် (Hand Sanitizer/Gel) များကို စီစဉ်ထားရှိပေးနိုင်ရေး၊ စာမေးပွဲ ပြုလုပ်မည့်အခန်းအကျယ်အဝန်း၊ အနေအထား လုံလောက် မှုရှိစေ ရေး၊ အခန်းတွင်းဝင်လေထွက် ကောင်းစေရေးနှင့် လူတစ်ဦးချင်း အတွက် ၃၆ စတုရန်းပေနှုန်း ဖြင့် တွက်ချက်နေရာချထား ရေး၊ နေပြည်တော်ကောင်စီ၊ ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ ဒေသအလိုက်ဖွင့်လှစ်မည့် ပညာ ရေးဝန်ကြီးဌာန၊ စာစစ်ဌာနများ နှင့် ကျန်းမာရေး ဝန်ကြီးဌာနရှိ ဆေးရုံ / ဆေးခန်းများတို့ မြေပြင်တွင် လက်တွေ့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုဗစ်၁၉ ရောဂါကူးစက်မှုမှ ကင်းဝေး၍ စိတ်ချမ်းမြေ့ စွာဖြင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ရေး ဆွေးနွေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက နိဂုံးချုပ် လမ်းညွှန်စကားပြော ကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ပညာရေးဝန်ကြီးဌာန အနေ ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ၊ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ (နိုင်ငံခြား စာစစ်ဌာနမပါ) နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာန ၁၂၃၆ ခုတွင် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၃၁၂၂၆ဝ ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။