(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်း အဝေး (12th AMOM) ဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ Major General Pen Sokrethvithyea က အဖွင့်မိန့် ခွန်းပြောကြားသည်။
ထို့နောက် ယခုနှစ်အစည်းအဝေး၏ “ဟန်ချက်ညီသော လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု အမြင်ခြင်းဖလှယ် (Solidarity for Harmonised Security) ခေါင်းစဥ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။
ဆက်လက်၍ အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်း စီမံချက် (၂၀၂၂-၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်း အပါအဝင် အခြားကိစ္စရပ်များအားဆွေးနွေးကြသည်။
ယင်းနောက် (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး ဥက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (13rd AMOM)အား အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် အင်ဒိုနီးရှား တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။