နေပြည်တော် မတ် ၁၅
(၁၇)ကြိမ်မြောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် များထံမှ ဩဝါဒခံ ယူပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်များ ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး များဖြစ်သည့် ဦးအေးထွန်း၊ ဦးထွန်းအုံ၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ နေပြည်တော် သာသနာရေးမှူး၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင် ဖွင့်လှစ်ပြီး မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့က သာသနာရေး ဆိုင်ရာများကို လျှောက်ထားကြသည်။
ယင်းနောက် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက ဩဝါဒကထာမိန့်ကြားတော်မူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးအေးထွန်း၊ ဦးထွန်းအုံ၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိ သူများက ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ဝထ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ရေစက်ချအနုမောဒနာတရားချီးမြှင့်တော်မူပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။
(သတင်းစဉ်)